ကော့သောင်း စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ကော့သောင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ်( ၁/ ၂ဝ၂၅ ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနိုင်လင်းထက်က သင်တန်းက သင်ကြားပေးလိုက်သည့် သင်ခန်းစာများကို စိတ်ဝင်တစားလေ့လာ သင်ကြားပြီး ပိုမိုကျွမ်းကျင်အောင် လေ့ကျင့်ကြပါရန်ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဝတ်စုံများပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းကို စက်တင်ဘာ ၁ ရက်မှ ၂၆ ရက်အထိ ၄ပတ်တာ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)