ပုလော စက်တင်ဘာ ၁
ပုလောမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅)ကို စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက ပုလောမြို့နယ် မီးသတ်ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပုလောမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ဦးစီးဌာန၏ လုပ်ငန်းတာဝန်များတွင် အရန်အင်အားအဖြစ် ပါဝင်ဆောင်ရွက်ရမည်ဖြစ်၍ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် စနစ်တကျဖြင့် လုပ်ငန်းကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အရန်တပ်ဖွဲ့ဝင်များ မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းသားများကို တူညီဝတ်စုံများ ပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းကို အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦးဖြင့် စက်တင်ဘာလ ၁ ရက်နေ့မှာ ၂၆ ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများကို သိရှိနားလည်ပြီး အရေးကြုံပါက သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ တာဝန်ထမ်းဆောင်နိုင်ရန် လေ့ကျင့်သင်ကြားပေးရခြင်းဖြစ်ကြောင်း ပုလောမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်ဇင်ထိုက်က ပြောကြားခဲ့သည်။
အေးအေးမော်(ပုလော)