စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မဟာရွှေစည်ကြီးစေတီတော်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှု လိုက်လံကြည့်ရှုအာပေး

ကန့်ဘလူ စက်တင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ စေတီများ၊ ဆေးရုံများ သန့်ရှင်းသာယာလှပရေးနှင့်ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုကို အပတ်စဥ် စနေနေ့တိုင်းဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃၀ ရက်နံနက် ၈ နာရီက ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော်ဝန်းအတွင်း ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ကန့်ဘလူခရိူင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးတို့နှင့်အတူ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့်ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန် ထမ်းများ၊ ဒေသခံပြည်သူများက စေတီတော်ဝန်းအတွင်းရှိ အမှိုက်နှင့်ခြုံနွယ်များရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြ သည်။

ထို့နောက် စေတီတော်သာသနာ့ဗိမာန်တော်ရှေ့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကောက်ညှင်းပေါင်းနှင့်အကြော်ကြွေးမွေးပြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ဝန်ထမ်းတစ်ဦး လျှင်စားအုံန်းဆီ ၅၀ ကျပ်သားလျှင်ငွေကျပ် ၃၉၀၀ နှုန်းဖြင့် ဆီပိဿာ ၅၄၀ ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)