ဒိုက်ဦး စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၆)မင်းတဲရပ်ကွက်ရှိ ပါမောက္ခဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ဩဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသောရဟန်းရှင်/လူ လူနာများအား အခမဲ့ ကုသပေးခဲ့သည်။
အဆိုပါဆေးခန်းကို အပတ်စဥ်စနေနေ့တိုင်းဖွင့်လှစ်ပြီး မျက်စိရောဂါ၊ အသည်းရောဂါ၊ မီးယပ်သားဖွားရောဂါ၊ နှလုံးရောဂါ၊ သွားရောဂါ၊ အရိုးအကြောရောဂါ၊ ကျောက်ကပ်ရောဂါနှင့် ဆီးလမ်းကြောင်းရောဂါ စသည့်အထူးကုဆရာဝန်များကလည်း တစ်လလျှင်တစ်ကြိမ်လာရောက်၍ မေတ္တာဖြင့်ကုသပေးကြပြီး အသည်းကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသောသူများ အားဆေးထိုးပေးခြင်း၊ ဆေးဝါးများလည်း အခမဲ့ပေးလှူပြီး အသည်းရောဂါကာကွယ်ရေးအတွက် ယနေ့မှစ၍ အပတ်စဥ်အသည်းရောင်အသားဝါ ဘီပိုးရှိမရှိစစ်ဆေးပေးမည်ဖြစ်ပြီး ပိုးမရှိသူများအား ဘီပိုးကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမည်ဖြစ်ပါကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)