ဒိုက်ဦး စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ/နည်းဥပဒေအသိပညာပေးသင်တန်းကို ဩ ဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ဒိုက်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လူမှုဝနထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်ကြည်မာသင်းက သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ/နည်းဥပဒေ အသိပညာပေးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသိပညာပေးသင်တန်းကို ဒုတိယဦးစီးမှူးဒေါ်သိမ့်သိမ့်ဝင်းက ပို့ချဆွေးနွေးပြီး သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)