လဟယ်မြို့တွင်အသက်‌မွေးဝမ်း‌ကျောင်း အထောက်အကူပြုအခြေခံ (ဆိုင်ကယ်ပြင်) သင်တန်းဖွင့်ပွဲကျင်းပ

လဟယ် စက်တင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် သမဝါယမနှင့်ကျေးလက်လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လဟယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဖွင့်လှစ်သည့် အသက်မွေးဝမ်း‌ကျောင်းအထောက်အကူပြုအခြေခံ (ဆိုင်ကယ်ပြင်) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက  မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပသည်။

ဦးစွာနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အမှာစကားပြောကြားပြီးလဟယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးကသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းကို (၁-၉-၂၀၂၅) ရက်မှ (၃၀-၉-၂၀၂၅) ရက်နေ့အထိ သင်တန်းသား (၁၅) ဦးတို့အားသင်တန်းနည်းပြဆရာ (၁) ဦးက စာတွေ့လက်တွေ့မှ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့၀င်များ၊ လဟယ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးကျော်သက်ထူးနှင့်အဖွဲ့၀င်များ၊ လဟယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ရုံး၀န်ထမ်းများ၊ သင်တန်းသားများတက်ရောက်ခဲ့‌ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)