မိုးညို စက်တင်ဘာ ၁
ကျန်းမာရေးဝန်ကြီးဌာန၏ နည်းနာတစ်ရပ်ဖြစ်သော ကျေးလက်ဒေသအောက်ခြေထိ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ တောင်ဇင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲကို မြို့နယ်ဆရာဝန်ကြီးဒေါက်တာကျော်မိုးဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တောင်ဇင်းကျေးရွာမှ ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ကျေးလက်နေပြည်သူလူထုအား ရာသီအလိုက်ဖြစ်ပွားလေ့ရှိသောသွေးလွန်တုပ်ကွေးရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများနှင့် ကျန်းမာရေးဆိုင်ရာသိကောင်းစရာများကိုဟောပြောခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်းသိရသည်။
ကိုမင်း(ပြန်/ဆက်)