သရက်ချောင်း စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးသူငယ်များအား ကိုယ်အပူချိန်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ စာရင်းရေးသွင်းခြင်း တို့ကိုဆောင်ရွက်ပေးခဲ့ပြီး မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးသူငယ်များကို ဆုံဆို့ကြက်ညှာချောင်းဆိုး၊ အသည်းရောင်သားအဝါ(ဘီ)၊ ဘီစီဂျီ၊ ပိုလီယို၊ ဦးနှောက်အမြှေးရောင် ရောဂါစသည့် (ငါးမျိုးစပ် ကာကွယ်ဆေး) ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဝက်သက်-ဂျိုက်သိုးစသည့်ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် သတ်မှတ်အကြိမ်တိုင်း ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေးတိုက်ကျွေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဗီတာဗင်-အေ အားဆေးတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)