ငပုတောမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသည့် တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးအပ်

ငပုတော ဩဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသော မိုးစပါးစိုက်ပျိုးတောင်သူများအား ဈေးနှုန်းသက်သာစွာဖြင့် သွင်းအားစု ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာနှင့် အုန်းပင်စုကျေးရွာတို့တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသော မိုးစပါးစိုက်ပျိုးတောင်သူများအား သွင်းအားစုစရိတ်နည်းပါးစေရေးအတွက် ယခုကဲ့သို့ ဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးခြင်းဖြစ်သည့်အတွက် တောင်သူများအနေဖြင့် သွင်းအားစုများအား အကျိုးရှိစွာ အချိန်ကိုက်အချိုးကျ ထည့်သွင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးရယ်လွင်က သွင်းအားစုများကို ပြင်ပပေါက်ဈေးနှုန်းများ သက်သာစွာဖြင့် ဝယ်ယူနိုင်စေရေး ရောင်းချပေးရာ သီးနှံပေါ် (အကြွေးစနစ်) ဖြင့် တောင်သူများ အဆင်ပြေစေရန်နှင့် မိုးစပါး ပန်းတိုင်အတွက်နှုန်း တိုးထွက်စေရန် ရည်ရွယ်၍ ဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ‌ ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသော ကျေးရွာအုပ်စုများမှ မိုးစပါးစိုက်ပျိုးတောင်သူများအတွက် awba ယူရီးယားဓာတ်မြေသြဇာ (၂၀၀) အိတ်၊ GBS ကွန်ပေါင်း (၇၀၀) အိတ်နှင်၊ စုစုပေါင်းယူရီးယားဓာတ်မြေဩဇာနှင့် ကွန်‌ပေါင်းဓာတ်မြေဩဇာ (၉၀၀) အိတ်တို့ကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)