ကဝ ဩဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က(ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.ထ.က(ကဝ)မှ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းတေးသီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းနှင့် မြို့နယ်ပညာရေးမှူး ဦးလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ.ထ.က(ကဝ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဖုန်းမြင့်က (၂၀၂၅-၂၀၂၆) ပညာသင်နှစ်ပညာရည်ချွန်ဆုပေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း(ကဝ)မှ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် (Grade-12)မှ (၄)ဘာသာ၊ (၃)ဘာသာ၊ (၂)ဘာသာ၊ (၁)ဘာသာဂုဏ်ထူးရှင်များနှင့် ရိုးရိုးအောင်မြင်သူများ စုစုပေါင်း(၄၅)ဦးကိုလည်းကောင်း၊ ဂုဏ်ထူးများရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမ(၈)ဦး စုစုပေါင်း(၅၃)ဦးတို့အား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိဘဆရာအသင်းမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ အ.ထ.က(ကဝ)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)