ဇလွန်မြို့နယ် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

ဇလွန် သြဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဂျီအီးစီ (ပညာရေး)သမဝါယမအသင်း၏ (၂၀၂၄ - ၂၀၂၅) ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် အ.ထ.က (၁) ဇလွန်အမျိုးသားဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ဂျီအီးစီ(ပညာရေး) သမဝါယမအသင်းဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဥ်စိုးအေးတို့က အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်း​ဆာင်ရွက်မှု အစီရင်ခံစာနှင့် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးရှင်းတမ်းများအား ဒါရိုက်တာအဖွဲ့ဝင်များက ဖတ်ကြားရှင်းလင်းပြီး ရှင်းလင်းချက်များအပေါ် အသင်းသားများက ပြန်လည်ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်​​ဖြေကြားဆွေးနွေးခဲ့ကြသည်။

ယင်း​နောက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းသားများထံမှ လက်ခံအတည်ပြုချက် ရယူကြရာ တက်ရောက်လာသည့် အသင်းသားများက အတည်ပြုလက်ခံခဲ့ကြသည်။

အဆိုပါ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် အသင်းသား (၉၅၆) ဦးအတွက် အစုပေါ်အမြတ်​ငွေ (၁၀.၀) သိန်း၊ ရင်းနှီးငွေအပေါ် အကျိုးအမြတ် (၉၅.၁၆) သိနိး၊ ထည်ဝင်​​​ငွေပေါ် အကျိုးအမြတ် (၅၄.၂၆)သိန်း၊ စုစုပေါင်း (၁၅၉.၄၂) သိန်းကို ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)