ဂန့်ဂေါမြို့၌ မြို့မရဲစခန်းရှိ အချုပ်သားများအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ဂန့်ဂေါ ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က ဂန့်ဂေါမြို့ မြို့မရဲစခန်းရှိ အချုပ်သား (ကျား/မ) များအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခေတ္တဆေးရုံအုပ် ဒေါက်တာကျော်ကျော်လွင် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခေတ္တဆေးရုံအုပ် ဒေါက်တာကျော်ကျော်လွင် ဦးဆောင်သည့် မြို့နယ်ကျန်းမာရေးမှူး ဦးထွန်းဇော်လင်းနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့မရဲစခန်းရှိ အချုပ်သား (ကျား/မ) များအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတိုး/ဆီးချိုကျဆေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (သောက်ဆေး)၊ ဗိုက်အောင့်ပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ ယားနာပျောက်ဆေး (လိမ်းဆေး/သောက်ဆေး)နှင့် သံချဆေးများ တိုက်ကျွေးပေးကာ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။               

ထို့နောက် မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများနှင့် စည်ပင်သာယာရပ်ကွက်မှ ပုညသဟာရလူမှုကူညီရေးအသင်း(စည်ပင်သာယာရပ်ကွက်)မှ အသင်းသားများက ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေး၊ ပိုးလောက်လန်းပေါက်ပွားမှုမှကာကွယ်နိုင်ရေးအတွက် မြို့မရဲစခန်းရှိ အချုပ်ခန်းနှင့် ဝန်ထမ်းအိမ်ယာလိုင်းခန်းများရှိ ခြင်ခိုအောင်းနိုင်သောနေရာများ၊ ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေးပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်၍ ရေတိုင်ကီ၊ ကျောက်စည်ပိုင်းနှင့် အုတ်ရေကန်များအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်းဆေးဖျန်းခြင်းများကို  ဆောင်ရွက်ခဲ့ကြသည်။            

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာသို့ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်း၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး စောရွှေမောင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခေတ္တဆေးရုံအုပ် ဒေါက်ကျော်ကျော်လွင်၊ မြို့နယ်ကျန်းမာရေးမှူး ဦးထွန်းဇော်လင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း