သရက်ချောင်း ဩဂုတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးစိုးကိုကိုလွင်ဦးဆောင်၍ ဝန်ထမ်းများက မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှုကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးစိုးကိုကိုလွင်က မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် အသုံးပြု၍ မဲပေးခြင်းရည်ရွယ်ချက်များနှင့် ပတ်သက်သည်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် သက်ဆိုင်ရာ လွှတ်တော်များအလိုက် လက်တွေ့သရုပ်ပြစမ်းသပ်မဲ ပေးနေမှုများကို သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် အဖွဲ့ဝင်ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မဲရလဒ်များအား ထုတ်ယူစစ်ဆေးခြင်း လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများက မဲမေးခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးစိုးကိုကိုလွင်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)