မြောင်းမြမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ကျေးရွာအရောက် တစ်ဦးချင်း လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မြောင်းမြ သြဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးဆွေးနွေးပွဲနှင့် ကျေးရွာအရောက် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့က မြောင်းမြမြို့နယ်၊ ဘုရားငုတ္တိုကျေးရွာ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစန်းဝင်းက ပြည်သူများ ဆန္ဒမဲပေးရခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးစီးအရာရှိ ဦးစိုင်းနေဇာမောင်က မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြုနည်းများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသူများက သိလိုသည်များမေးမြန်းမှုကို ရှင်းလင်းဆွေးနွေးကာ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်ဦးခြင်း လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဘုရားငုတ္တိုကျေးရွာရှိ ပြည်သူများ စိတ်ပါဝင်စားစွာ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)