မိုးညို ဩဂုတ် ၃၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးအန္တရာယ်နှင့် လေပြင်းဘေးအန္တရာယ် အသိပညာပေးပိုစတာစိုက်ထူခြင်းကို ဩဂုတ် ၃၀ ရက်၊ နံနက် ၁၁ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး လမ်းဆုံအနီးနှင့် ဆရာစံလမ်း၊ မြို့မဈေးအနီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးပိုစတာစိုက်ထူရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ထွန်းလင်းထက်အောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဇော်တို့က ရေဘေးအန္တရာယ်နှင့် လေပြင်းဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ သတိပြုရန်နှင့် ရှောင်ရှားသင့်သည့်အချက်များ ပါဝင်သည့် ဗီနိုင်းပိုစတာနှစ်ခုအား စုပေါင်းစိုက်ထူခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)