ညောင်လေးပင် ဩဂုတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ဒေသအတွင်း ငါးသယံဇာတ တိုးပွားလာစေရန်၊ ငါးရိက္ခာဖူလုံမှုရှိစေရန်နှင့် ဒေသရင်းငါးမျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်မှုမှ ကာကွယ်ရန်အတွက် ငါးသားပေါက်စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ဝါးရုံကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးထိန်ဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၄၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး သဘာဝရေပြင်အတွင်းသို့ ပဲခူးငါးသားဖောက်စခန်းမှ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၁၅၀၀၀၀)နှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ (၅၀၀၀၀)၊ စုစုပေါင်းကောင်ရေ (၂၀၀၀၀၀)အား ဝါးရုံကုန်းကျေးရွာ၊ ဝါးရုံကုန်းချောင်းအတွင်းသို့ ငါးသားပေါက်စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)