ဟင်္သာတခရိုင် ၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟင်္သာတ ဩဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ မြို့တော်ခန်းမ၌ ဟင်္သာတခရိုင်အဆင့် ၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယနေ့နံနက် (၈)နာရီက အဆိုပါနေရာတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် ၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ပြိုင်ပွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုဗိုလ်မှူးကြီး ဝင်းမင်းအောင်၊ ဟင်္သာတခရိုင် လဝကဦးစီးမှူး ဒေါ်သီတာအောင်၊ ဟင်္သာတတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ် ဒေါက်တာခိုင်ခိုင်စန်း၊ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်မြင့်ဦးတို့မှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ ဟင်္သာတခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် သဘင်နှင့်ဂီတအစည်းအရုံးမှ အဖွင့်သီချင်းဖြင့် ကပြသီဆိုဖျော်ဖြေခြင်း၊ လေးမျက်နှာမြို့နယ်မှ ကျေးလက်ရိုးရာအကဖြင့် ကပြဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့သည်။ ဆက်လက်၍ သက်ဆိုင်ရာ ပြိုင်ပွဲဝင်ဘာသာရပ်များအလိုက် အခြေခံပညာအဆင့်နှင့် အဆင့်မြင့်ပညာတို့မှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်တို့မှ ပြိုင်ပွဲဝင်များက ဆက်လက်ယှဉ်ပြိုင်ခဲ့ကြရာ ခရိုင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ အားပေးကြည့်ရှုခဲ့ကြပြီး ၃၁.၈.၂၀၂၅ ရက်နေ့ နံနက် (၉)နာရီအချိန်တွင် ဟင်္သာတခရိုင် ၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင်အဆင့်  ၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ဟင်္သာတခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုဗိုလ်မှူးကြီး ဝင်းမင်းအောင်၊ ဟင်္သာတခရိုင် လဝကဦးစီးမှူး ဒေါ်သီတာအောင်၊ ဟင်္သာတခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့် အဖွဲ့ဝင်များ၊  ဟင်္သာတတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ် ဒေါက်တာခိုင်ခိုင်စန်း၊ ဟင်္သာတခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ပြိုင်ပွဲဝင်များ၊ မိဘပြည်သူများ စုစုပေါင်း (၇ဝဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)