ကျောက်တံခါးမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ တိုက်ဖျက်ရေးအသိပညာပေး ဆောင်ရွက်

ကျောက်တံခါး ဩဂုတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးစိတ်(၃)၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်အသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးအသိပညာပေးကို ဩဂုတ်လ (၂၈)ရက်နေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ကျောက်တံခါး) ပတ္တမြားခန်းမတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ပေးပို့လာသော ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ သိကောင်းစရာ (Video Clip) များအား Projector ဖြင့်ပြသဆောင်ရွက်ပေးသည်။

ဆက်လက်၍ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးစိတ်(၃)မှ ရဲအုပ်အောင်လှိုင်ထွန်းက ကျောင်းသား/သူများအား လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများကို ဟောပြောဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)