ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုဘ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံတော်အဆင့် လူရည်ချွန်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ

ကျွန်းလှ ဩဂုတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံတော်အဆင့် လူရည်ချွန်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ကျွန်းလှ)ခန်းမ၌ကျင်းပရာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “ ဘက်စုံပညာကိုရည် တို့လှမ်းချီ “ သီဆိုဖွင့်လှစ်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်တို့က အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စိန်က ဂုဏ်ပြုပွဲကျင်းပရခြင်းနှင့် ကျောင်းဆိုင်ရာလုပ်ငန်းများ ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်အဆင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်စာမေးပွဲတွင် တစ်ဘာသာမှာ လေးဘာသာထိ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများနှင့် အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်း၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးကြသည်။

ယင်းနောက် ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား လေးဘာသာဂုဏ်ထူးရှင် မအိငွေစည်ဟိန်းက ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကပြဖျော်ဖြေကြကြောင်း သိရသည်။

မျိုးဝင်ညို