ကျိုက်လတ် ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်တွင် တောင်သူများအား ဓာတ်မြေဩဇာအိတ်များ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးခြင်းနှင့် အရည်အသွေးမြင့် Drum Seeder များ တောင်သူများလက်ဝယ်သို့ ဖြန့်ဖြူးပေးခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖျာပုံခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းမှ အရည်အသွေးမြင့် Drum Seeder များ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထက်အောင်၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်တို့က ယူရီးယားဓာတ်မြေဩဇာအိတ်များနှင့် အရည်အသွေးမြင့် Drum Seeder များ တောင်သူများထံ လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ကျိုက်လတ်မြို့နယ်မှ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့ ဆန်အိတ်များတင်ဆောင်ထွက်ခွါမည့် MV-အောင်တက်တိုးနှင့် MV-မြမြမွန် ရေယာဉ်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လှည်းဆိပ်ကျေးရွာအုပ်စုရှိ တောင်သူဦးအေးမင်းထွန်း၏ လယ်မြေတွင် မိုးစပါးအထွက်နှုန်းတိုးတက်ရေးအတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကာ ဒေသခံတောင်သူများအား မိုးစပါးအထွက်နှုန်း တိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများအား ရှင်းလင်းမှာကြားခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်