တောင်ငူမြို့နယ်ရှိ မဲဆန္ဒရှင်​​ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်  လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

တောင်ငူ သြဂုတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ တောင်ငူမြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်  လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့တွင်ဆောင်ရွက်ခဲ့ သည်။

ထိုသို့ဆောင်ရွက်ရာတွင် ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အ.ထ.က (၆)၌ အမှတ် () () () (၁၀) ရပ်ကွက်များရှိ မဲဆန္ဒရှင်ပြည်သူများအားလည်းကောင်း၊ ယနေ့မွန်းလွဲ()နာရီအချိန်တွင် ရှမ်းစုကြီးကျေးရွာအုပ်စု၊ ပွတ်စုကျေးရွာ၊ သာသာနာ့ဂုဏ်ရည် ဘုန်းတော်ကြီးကျောင်းတိုက်၌ ရှမ်းစုကြီးကျေးရွာအုပ်စုရှိ မဲဆန္ဒရှင်ပြည်သူများအားလည်းကောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးကျော်ကျော်နှင့်အဖွဲ့၊ ဒုတိယဦးစီးမှူးဒေါ်စိမ်းမို့မို့တို့က မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ မဲပေးခြင်းနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားပြီး မဲဆန္ဒရှင်ပြည်သူ၊ စုစုပေါင်း(၅၀၀)ဦးခန့်က မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့မဲပေးကြသည်။ ထို့နောက် မဲဆန္ဒရှင်ပြည်သူများက သိရှိလိုသည်များကိုမေးမြန်းကြရာ တောင်ငူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက  ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)