ဟင်္သာတမြို့ အခြေခံပညာကျောင်းများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲများပြုလုပ်

ဟင်္သာတ ဩဂုတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်()အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးမောင်ဦးက ဖွင့်အမှာစကားပြောကြားခဲ့ပြီး၊  အမှတ်(၈၄)ယာဉ်ထိန်းရဲ တပ်ဖွဲ့စု(ဟင်္သာတ)မှ တပ်ဖွဲ့စုမှူးဒုရဲမှူးယဉ်မင်းသိုက်က "ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းအရာများနှင့်ပတ်သက်၍ ရှောင်ရန်/ဆောင်ရန်အချက်များ"အား ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်စစ်ဆေးရေးမှူးဦးကျော်ဇေယျာထွန်းက "ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းအကြောင်းအရာများနှင့်ပတ်သက်၍ ရှောင်ရန်/ဆောင်ရန်အချက်များ၊ လမ်းအမှတ်အသားများ၊ လမ်းလျှောက်သူများ လိုက်နာရန်အချက်များ" အားအသိပညာပေးဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း၂၅၀ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)