ရွှေသောင်ယံမြို့တွင် မဲပေးစက်အကြောင်းအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

ရွှေသောင်ယံ ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသိပညာပေးခြင်းနှင့် မဲဆန္ဒရှင်များအား လက်တွ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ရွှေသောင်ယံမြို့၊ အမှတ် (၂) ရပ်ကွက် အသောကာရာမကျောင်းတိုက်ဓမ္မာရုံ၌ ရပ်ကွက် (၁၊ ၂၊ ၃) ရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးမှုစနစ်မှန်ကန်စွာဖြင့်အလွယ်တကူမဲပေးတတ်စေရန် တာဝန်ရှိသူများမှ လာရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်‌ရာတွင် ပုသိမ်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်ဉက္ကဋ္ဌ ဦးအောင်မြတ်ဇော်၊ ပုသိမ်မြို့နယ်ပညာ ရေးမှူးရုံးမှဦးမိုးသက်ဦး၊ ပုသိမ်မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ ဦးမြစိန်၊ ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ စက်ကိုင်ဆရာ၊ ဆရာမများ၊ ရပ်ကွက် (၁၊ ၂၊ ၃) အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများတက်ရောက်ပြီးရပ်ကွက် (၁၊ ၂၊ ၃) ရှိ ပြည်သူများမှလာရောက်၍ စမ်းသပ်ဆန္ဒမဲပေးခဲ့ကြသည်။

ထို့အတူ ရွှေသောင်ယံမြို့ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာရှိ အသင်းတော်ခန်းမဆောင်၌လည်းကောင်း၊ သဘော့ကန်ကျေးရွာအုပ်စု၊ သဘော့ကန်ကျေးရွာ၊ ဓမ္မသုခကာရီ ကျောင်းတိုက်ဓမ္မာရုံတွင်လည်းကောင်း မဲဆန္ဒရှင်များနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားများပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ (ပြန်/ဆက်)