လေးမျက်နှာ ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ကျေးရွာအုပ်စုများမှ တောင်သူများအား ယနေ့နံနက်(၁၁)နာရီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သော တောင်သူများအတွက် ဓါတ်မြေဩဇာများဖြန့်ဖြူးပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက နိုင်ငံ့စီပွားရန်ပုံငွေနှင့်အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ပို့ဆောင် ရောင်းချပေးလျက် ရှိပါကြောင်း၊ တောင်သူများအနေဖြင့် ပြင်ပပေါက်ဈေးနှုန်းများထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန်ရောင်းချပေးရာမှာ သီးနှံပေါ်ပေး(အကြွေး)စနစ်ဖြင့် တောင်သူများ အဆင်ပြေ စေရန်နှင့် ဓာတ်မြေဩဇာများအသုံးပြုပြီး မိုးစပါးအထွက်နှုန်း တိုးစေရေးအတွက် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်သီတာအောင်နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်တို့က အသီးသီးတောင်သူများအား မြန်မာ့အောဘာ ကောမက် G-46 ပေးအပ် ခဲ့ကြောင်း သိရသည်။
မိုးသက်ကို