(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြန်အောင်ခရိုင်အဆင့် ပြိုင်ပွ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

မြန်အောင် သြဂုတ် ၂၉

၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြန်အောင်ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့က မြန်အောင်ခရိုင်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက ၊ အရေး ၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲအခမ်းအနားကို မြန်အောင်ခရိုင်  စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ ကြံခင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အင်္ဂပူမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ခရိုင်အဆင့် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ (ပညာရှင်) ဦးသန်းညွန့်  (ဇင်မင်း-သမိန်ထော) တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ကြသည် 

အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရန်၊ ယဥ်ကျေးမှုအမွေ အနှစ်များ၊ အမျိုးသားယဥ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ(ပညာရှင်) ဦးသန်းညွန့်(ဇင်မင်း-သမိန်ထော)က ပြိုင်ပွဲစည်းကမ်းချက်များကိုရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြန်မာ့ရိုးရာတေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲတွင် မြန်အောင်မြို့ နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်တို့မှ ပြိုင်ပွဲဝင်များက အဆို ၊ အက၊ အရေး၊ အတီးကဏ္ဍအလိုက် ယှဥ်ပြိုင်ကြရာ မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များက ပြိုင်ပွဲဝင်များ၏ ယှဥ်ပြိုင်မှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲတွင်ဆုရရှိသူများအား  မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ(ပညာရှင်)ဦးသန်းညွန့်(ဇင်မင်း-သမိန်ထော)နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဝင်းဗိုလ်(ပြန်/ဆက်)