ရေနံချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(တွင်းကုန်း)၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ ထူးချွန်ဂုဏ်ပြုဆုပေးပွဲ အခမ်းအနားကျင်းပ

ရေနံချောင်း ဩဂုတ်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(တွင်းကုန်း)မှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအား ထူးချွန်ဂုဏ်ပြုဆုပေးပွဲ အခမ်းအနားကို မန်နေ့က အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(တွင်းကုန်း)မှ Grade-10 ကျောင်းသား ကျောင်းသူများကဘက်စုံပညာကိုရည် တို့လှမ်းချီသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဦးတင်အောင်ဦးက အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီးက ပညာရေးကဏ္ဍဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာအထက်တန်းကျောင်း (တွင်းကုန်း)မှ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူငါးဦးနှင့် ရိုးရိုးအောင် ကျောင်းသား ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များက ဂုဏ်ပြုကတ်နှင့် ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း(တွင်းကုန်း)မှ ကျောင်းသား၊ ကျောင်းသူများက တေးသီးချင်းများ၊ တေးသရုပ်ဖော်အကများဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)