ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပန်းတောင်း သြဂုတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောမတီဥက္ကဋ္ဌဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဩဂုတ်လ ၂၇ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ရှေးဦးစွာရွှေဘုံသာကျေးရွာအုပ်စု၊ လက်ပံ​ကျေးရွာရှိ မိုးပဲစဥ်းငုံစိုက်ပျိုးထားရှိမှုအခြေအနေအားကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းသမိုင်းဝင်ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား ဝင်ရောက်ဖူးမြှော်၍ စေတီတော်မြတ်ကြီး၏လိုအပ်သည်များအား ဂေါပကအဖွဲ့ဝင်များအားမှာကြားခဲ့သည်။

ဆက်လက်၍ ပန်းတောင်းမြို့နယ်၊ မင်းရပ်ရပ်ကွက်ရှိ အရှေ့ဂျာမေဗလီပျက်စီးနေမှုအခြေအနေအားလည်းကောင်း၊ မင်းရပ် ရပ်ကွက်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မင်းရပ်သိပ္ပံလမ်းအားကွန်ကရစ်ဖြင့်လမ်းချဲ့ခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာ ကြားခဲ့ကြောင်းသိရသည်။

လပြည့်လင်း(ပြန်/ဆက်)