နတ်မောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဝင် ရောက်ယှဉ်ပြိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နတ်မောက် ဩဂုတ် ၂၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ဝင်ရောက်ယှဉ်ပြိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပြိုင်ပွဲအဆင့်များအနေဖြင့် ဝါသနာရှင်(ပထမတန်း)အဆင့်၊ ဝါသနာရှင် (ဒုတိယတန်း)အဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ(အသက် ၁၅ နှစ် ပြည့်မှ ၂၀ နှစ်အတွင်း)အဆင့်၊ အခြေခံပညာအသက်(၁၀ နှစ် ပြည့်မှ ၁၅ နှစ်အတွင်း)အဆင့် တို့တွင် နတ်မောက်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်ပညာရှင်အဆင့်နှင့် မျိုးဆက်သစ်သဘင် ပညာရှင်များနှင့် အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်မည့် ကျောင်းသား/သူများ အနေဖြင့်  အဆို၊ အက၊ အရေး၊ အတီးများအား ကြိုတင်လေ့ကျင့်ထားရန် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသော မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်သဘင်ပညာရှင်များကလည်း ပေါင်းစပ်ညှိနှိုင်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

လှဝင်း