မြန်အောင် သြဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ရွှေကျင်တိုက်နယ်မှ မဲဆန္ဒရှင်ပြည်သူ များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို သြဂုတ်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့က ရွှေကျင်တိုက်နယ် သရက်ပင်ဆယ် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးကျော်စိုးဝင်းနှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ရွှေရည်ဖြိုးတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသော ရွှေကျင်တိုက်နယ်မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရွှေကျင်အုပ်စု၊ ကျူတောကျေးရွာအုပ်စု၊ သရက်တောကျေးရွာ အုပ်စု၊ရိုက်ကျေးရွာအုပ်စု၊ အစယ်ကျေးရွာအုပ်စု၊ ကညွတ်ကုန်းကျေးရွာ အုပ်စု၊ ဒေါင်းကျကျေးရွာ အုပ်စု၊ ညောင်တုံးလဲကျေးရွာအုပ်စု၊ ကညွတ်ကုန်းကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူတို့အား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြရာ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် စမ်းသပ်မဲပေးခြင်းများ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)