စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်း ဩဂုတ် ၂၉

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ မန္တလေးပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်တို့နှင့် ပူးပေါင်း၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအာကစားခန်းမတွင်ကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊  ပါမောက္ခဌာနမှူများ၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

စုပေါင်းသွေးလှူဒါန်းပွဲတွင် လှူဒါန်းကြမည့်  သွေးလှူရှင်များအား စာရင်းကောက်ယူခြင်း၊ သွေးအမျိုးအစားစစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် လိုအပ်သည့်စစ်ဆေးမှုများကို ဆောင်ရွက်ပေးခဲ့ပြီး လှူဒါန်းပြီးသည့် သွေးလှူရှင်များအား ခေတ္တပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းနှင့် ဒုတိယပါမောက္ခချုပ်များက  အဟာရပြည့်အချိုရည်များနှင့် ကြက်ဥများ တိုက်ကျွေးပေးခဲ့သည်။

ယနေ့ကျင်းပသော စစ်ကိုင်းပညာရေးတက္ကသိုလ် ပထမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲတွင် ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၉၂)ဦးတို့မှ မန္တလေးပြည်သူ့ဆေးရုံကြီး၊    သွေးလှူဘဏ်သို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။  

နေလင်းအောင်(ပြန်/ဆက်)