ခန္တီး ဩဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တွင် အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုံးဆီများအား ဒေသပေါက်ဈေးထက် ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစားအုံးဆီများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ သိုလှောင်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့် စားအုန်းဆီများအား တစ်ပိဿာလျှင်(၁၄၁၀၀)နှုန်းဖြင့် ခန္တီးမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများအတွက် ဝန်ထမ်း တစ်ဦးလျှင်(၁)ပိဿာနှုန်းဖြင့် (၈၀၀)ပိဿာအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(OSS)ရုံးတွင် လည်းကောင်း၊ ရပ်ကွက်နေပြည်သူများအတွက် တစ်အိမ်ထောင်လျှင်(၁)ပိဿာနှုန်းဖြင့် မြို့ပေါ် ရပ်ကွက်(၃)ရပ်ကွက်နှင့် ကင်းတော်ကျေးရွာ၊ ဆင်သေကျေးရွာတို့မှ အိမ်ထောင်စု(၃၂၃၃)စုအတွက် (၃၂၃၃)ပိဿာတို့အား ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်အသီးသီးတွင် ရောင်းချပေးခဲ့သည်။ ခန္တီးမြို့တွင် စားအုံးဆီ(၁)ပိဿာလျှင် ဒေသပေါက်ဈေး (၂၂၀၀၀)ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)