နတ်မောက်မြို့နယ် ပိတောက်ငုတ်ကျေးရွာတွင် မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ အသိပညာပေးဟောပြော

နတ်မောက် ဩဂုတ် ၂၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပိတောက်ငုတ်ကျေးရွာတွင် မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို  ယမန်နေ့နေ့လယ်ပိုင်းအချိန်က အဆိုပါကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က မြန်မာနိုင်ငံ၏ မွေးဖွားမှုနှင့်သေဆုံးမှုမှတ်ပုံတင်စနစ် ပိုမိုအားကောင်းလာစေရန်နှင့် နိုင်ငံတကာအဆင့်အတန်းမီ စနစ်တစ်ခုဖြစ်လာစေရန်ရည်ရွယ်၍ ကျေးရွာနေပြည်သူများ မွေးဖွားမှုနှင့်သေဆုံးမှုလုပ်ငန်းမှန်ကန်စွာရရှိရေး အရေးကြီးသကဲ့သို့ မွေးဖွားသူ/ သေဆုံးသူစာရင်းများ မှန်ကန်စွာရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်စေလိုကြောင်းနှင့် ဒေသနယ်မြေလုံခြုံရေးဆိုင်ရာများကိုလည်း သက်ဆိုင်ရာဌာနများမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများအား ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

လှဝင်း