ပခုက္ကူ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတင်သွင်းခြင်းနှင့်စပ်လျဉ်း၍ စိစစ်ဆောင်ရွက်ရမည့်အချက်များအား အသိပေးရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂)ခန်းမ၌ ကျင်းပပြုလုပ်သည်။
အသိပေးရှင်းလင်းပွဲတွင် ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ချိုခိုင်ဦးက လွှတ်တော်ကိုယ်စားလှယ်လောင်းတင်သွင်းခြင်းနှင့်စပ်လျဉ်း၍ စိစစ်ဆောင်ရွက်ရမည့်အချက်များအား အသေးစိတ် အသိပေးရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် နိုင်ငံရေးပါတီများက တစ်ဦးချင်းဆွေးနွေးမှုများအပေါ် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြန်လည်ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)