ကြံခင်းမြို့၌ နိုင်ငံစီပွားရန်ပုံငွေနှင့် အကျုံးမဝင်သည့်တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းအခမ်းအနားကျင်းပ

ကြံခင်း ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက နိုင်ငံစီပွားရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က နိုင်ငံစီပွား ရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် မိမိတို့ရပ်ကွက်၊ ကျေးရွာအရောက်ပို့ဆောင်ပေး၍ ရောင်းချပေး လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် ပြင်ပပေါက်ဈေးနှုန်းများထက်သက်သာသော ဈေးနှုန်း ဖြင့် ဝယ်ယူနိုင်စေရန် ၁၅ ပတ်လည် အာမိုမာလ်တီပလ်စ်နှင့် ဖြိုးမောက်ယူရီးယား များကိုရောင်းချ ပေးရာမှာ သီးနှံပေါ်ပေး(အကြွေး)စနစ်ဖြင့် တောင်သူများ အဆင်ပြေစေရန်နှင့် ဓာတ်မြေဩဇာများ အသုံးပြုပြီး မိုးစပါး အထွက်နှုန်းတိုးစေရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြား သည်။ ထို့နောက် တောင်သူများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည့်အရေအတွက်များကို အသီးသီးမှာယူခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အဖွဲ့ဝင် မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ချိုမာဝင်း၊ မြို့မစခန်းမှူး ဒုရဲမှူးလှခိုင်နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းကိုတို့က အသီးသီးတောင်သူများအား အာမိုမာလ်တီပလ်စ်နှင့် ဖြိုးမောက်ယူရီးယား ပေးအပ်ကြသည်။ အဆိုပါ အာမိုမာလ်တီပလ်စ်(၁၅း၁၅း၁၅) ပတ်လည် ၁၄၂၂ အတ်၊ တစ်အိတ်လျှင်ငွေကျပ် ၁၂၀၀၀/-နှင့် ဖြိုးမောက်ယူရီးယား ၁၄၈၆ အိတ်၊ တစ်အိတ်လျှင် ငွေကျပ် ၈၉၅၀၀၀/- ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)