ကန်ကြီးထောင့်မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးနေ့ အသိပညာပေးဟောပြောပွဲပြုလုပ်

ကန်ကြီးထောင့် ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးနေ့နှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ ပိုမိုသိရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးနေ့ အသိပညာပေးဟောပြောပွဲကို ယမန်နေ့‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နေ့လယ်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ဒါးက)ရှိ နဝရတ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာ‌ရေးမှူး ဦးမျိုးနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးဝင်းမော်ဦးက လူကုန်ကူးမှုနှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းချက်များအား လည်းကောင်း၊ မြို့မစခန်းမှူး ဒုရဲမှူး ကျော်ကျော်လွင်က မှုခင်းကျဆင်းရေးနှင့် လူကုန်ကူးမှုနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များအားလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေးနေ့နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတရဖွယ် အကြောင်းအရာများအားလည်းကောင်း ပြောကြားခဲ့ကြသည်။

ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးထွန်းလှအောင်က ကျေးဇူးတင်စကားအား ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ‌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)