အောင်လံ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် တောင်သူများ ပန်းတိုင်အထွက်နှုန်းတိုးစေရေး မိုးဖုန်းအုပ်စု တောင်သူဦးဌေးနိုင်၏ မိုးနှောင်းချည်မျှင်ရှည်ဝါ (၃.၀၀) ဧက စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးမှ ယူနီးယားမြေဩဇာနှင့် သဘာဝမြေဩဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူးက မြေဩဇာများကို အချိန်ကိုက်၊ အချိုးကျထည့်သွင်းနိုင်ရေး၊ သဘာဝမြေဩဇာနှင့် (၁:၃) ရောစပ်၍ သုံးစွဲရေး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဂရုစိုက်ဆောင်ရွက်ကြရန် တောင်သူများကို ပြောကြားခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)