အောင်လံ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် အင်းကုန်းအုပ်စု ကွင်းအမှတ်(၈၈) တောင်သူ ဦးမြင့်နိုင်၏ မိုးနှောင်းချည်မျှင်ရှည်ဝါ (၅၀၀) ဧက စိုက်ပျိုးထားရှိမှုအား စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများ တစ်ဧက အထွက်နှုန်းတိုးစေရန် မြေဩဇာများ အချိန်ကိုက်၊ အချိုးကျ ထည့်သွင်းနိုင်ရေး၊ ပိုးမွှားများကျရောက်မှုမရှိစေရေး စသည်တို့ကို အထူးဂရုစိုက်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အာကာ(အောင်လံ)