ကျောင်းကုန်း ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုက အမှာစကားပြောကြားပြီး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနဦးစီးမှူး ဒေါ်သီတာဝင်းက မေမေတို့အတွက် စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှုများ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုလက္ခဏာများ၊ စိတ်ထိခိုက်ခံစားမှုများကို လျော့ချရန်နည်းလမ်းများ၊ MCCT အစီအစဉ်အကျိုးခံစားခွင့်ရှိသူများ၊ အကျိုးခံစားခွင့်ရှိသူများ၏ မိသားစုဝင်များနှင့် ရပ်ရွာအတွင်းနေထိုင်သူများအား အာဟာရအသိပညာပေးဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)