ပေါင်းတည်၌ ဆီထွက်သီးနှံမိုးနှမ်းများစတင်ရိတ်သိမ်း တစ်ဧကလျှင်ပျှမ်းမျှ တင်း ၂၀ ကျော် ထွက်ရှိ

ပေါင်းတည် ဩဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခုလအလယ်မှစ၍ မိုးနှမ်းများ စတင်ရိတ်သိမ်းလျက်ရှိကြောင်းသိရသည်။ 

ပေါင်းတည်မြို့နယ်၌ ၂ဝ၂၅ ခုနှစ်၊ မိုးသီးနှံ(ဆီထွက်သီးနှံ)မိုးနှမ်းစုစုပေါင်း ၁၅၄၇၀ ဧက စိုက်ပျိုးခဲ့ကြောင်း၊ ယခု ဧက ၃၀၀၀ ကျော်ရိတ်သိမ်းပြီးစီးခဲ့ရာ၌ တစ်ဧကပျှမ်းမျှ ၂၀ ဒဿမ ၂၇ တင်းထွက်ရှိခဲ့ကြ၍ ပန်းတိုင်အထွက်နှုန်းပြည့်မီစွာထွက်ရှိခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရှိရသည်။

မိုးနှမ်းကို ရက်ပေါင်း ၈၀ ဝန်းကျင်စိုက်ပျိုးရကြောင်း တောင်သူများထံမှသိရပြီး အထူးသဖြင့်ပေါင်းတည်မြို့၏အရှေ့ဘက်ကုန်းမြင့်အရပ်များတွင် မိရိုးဖလာ အဓိ ကစီးပွားရေးလုပ်ငန်းတစ်ရပ်အနေဖြင့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်းသိရသည်။

နှမ်းသီးနှံသည် စီမံကိန်းအဓိကသီးနှံများတွင်ပါဝင်၍အထွက်နှန်းကောင်းမွန်ရေး၊ ပြည်တွင်းစားသုံးဆီဖူလုံ‌စေရေးနှင့် ပြည်ပမှဆီတင်သွင်းမှုလျှော့ချနိုင်ရေးတို့အ တွက်ပန်းတိုင်အထွက်နှုန်း တစ်ဧက တင်း ၂၀ နှင့်အထက်ပြည့်မီကျော်လွန်အောင်ထွက်ရှိနိုင်ရန် မြိုနယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့များနှင့် တောင်သူများပူးပေါင်းကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ရွှေသား