မအူပင် ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ Polytechnic University (Maubin), Faculty of Computing တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Project Show ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲတွင် ကျင်းပပြုလုပ်သည်။
Project Show ဖွင့်ပွဲအခမ်းအနားအား Polytechnic University (Maubin) မှ ပါမောက္ခချုပ်နှင့် မအူပင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြသထားသည့် Project များအား ကြည့်ရှု့အားပေးခဲ့ကြရာ ဆောင်ရွက်ထားရှိမှုများအား ကျောင်းသား၊ ကျောင်းသူများမှ ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မအူပင်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ Faculty of Engineering မှ ပါမောက္ခ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)