ဒေးဒရဲ သြဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တော်ကမယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အဆိုပါကျောင်းဘောလုံးကွင်းတွင် ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူအားကစားသမားများနှင့် အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော်အလံအလေးပြုကြပြီး အားကစားသမားများက သစ္စာအဓိဋ္ဌာန်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီးဒေါ်မော်မော်ဝင်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းဟောပြောခြင်းနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးတင်မျိုးလွင်က ပြိုင်ပွဲစည်းမျဥ်း၊ စည်းကမ်းများ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကျောင်းသူလေးများက ပန်းပွားအကဖြင့် ဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် အားကစားသမားများက ကျောင်းကောင်စီဥက္ကဋ္ဌအား ချီတက်အလေးပြုကြကာ ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြပြီး ကျောင်းကောင်စီဘောလုံးအသင်းများ ယှဉ်ပြိုင်ကစားနေမှုအား တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်သူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း