ကြံခင်းမြို့၌ MCCT အစီအစဉ် အသိပညာပေး သင်တန်းဖွင့်လှစ်

ကြံခင်း ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနမှဆောင်ရွက်လျက်ရှိသည့် MCCT အစီအစဉ်အသိပညာပေး သင်တန်းဖွင့်လှစ်သည်။

သင်တန်းတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဉ္ဇာဝင်းက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ် ဇင်မာဦးလူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော အသက် နှစ်နှစ်အောက်ကလေးသူငယ်များအား ထောက်ပံ့ပေးသည့်အစီအစဉ်၊ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်ဌာနများ၊ ကိုယ်ဝန်ဆောင်နှင့် ကလေးစာရင်းရေးသွင်းခြင်း၊ ထောက်ပံ့ပေးမှုများနှင့် ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းရပ်များအကြောင်းကို အသိပညာပေးပြောကြားခဲ့သည်။

ဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဦးစီးအရာရှိနှင့် ဒတိယဦးမှူးတို့က ဖြေကြားကြသည်။ အဆိုပါသင်တန်းအား မြို့နယ်ကျန်းမာရေးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ရပ်ကွက် ကျေးရွာ၊အုပ်စု စာရေးများ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)