ကြံခင်း ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နေ့နံနက်ပိုင်းက စာပေ ချစ်မြတ်နိုးသူများအဖွဲ့ Youth Club အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာ ချစ်စံဝင်း ရေသားသော “စိတ်စည်းကမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မေသဥ္ဇာနှင်းက စာဖတ်ဝိုင်းများကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ စာရေးဆရာ ချစ်စံဝင်း ရေသားသော “စိတ်စည်းကမ်း” စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေး ဖတ်ကြားခဲ့သည်။ ထို့နောက် Youth Club အဖွဲ့ မောင်ချစ်ကိုကိုက “စိတ်စည်းကမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနေခြည်လင်းလဲ့က “စိတ်ကိုစည်းကမ်းရှိပါ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ကောင်းခန့်က “လောဘဟုဆိုအပ်သော လိုချင်တပ်မက်သည့်စိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဟန်နီလင်းက “မူးယစ်စေသည့်အရာ” ခေါင်းစဉ်တို့ဖြင့် အသီးသီး ဆွေးနွေးဖတ်ကြားကြသည်။
ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်ပြပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိ ပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စား စွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း