တောင်ငူခရိုင် သဘာဝဘေးအတွင်း ပျက်စီးဆုံးရှုံးသွားသော လမ်းတံတားများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ငူ သြဂုတ် ၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ပဲခူးတိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)၊ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ တောင်ငူမြို့နယ်ဦးစီးအရာရှိ(မြို့ပြ)၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ တောင်ငူခရိုင်သဘာဝဘေးအတွင်း ပျက်စီးဆုံးရှုံးသွားသော လမ်းတံတားများကို သြဂုတ် ၂၆ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ ဇွန် ၁၉ ရက်နေ့ညတွင် ပဲခူးရိုးမပေါ်၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ခပေါင်းချောင်း ရေကြီးမှုဖြစ်စဥ်ကြောင့် ဘန့်ဘွေးပင်-မွေရိုးလမ်းရေတိုက်စား၍ လမ်းတာပြတ်ထွက်မှုအား ယာယီပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ရွာပုကုန်း-ကြို့ကုန်းလမ်းပေါ်ရှိ ကျေးရွာမှ ကိုယ်ထူကိုယ်ထဆောင်ရွက်ထားသော တံတားသည် ရေတိုက်စား၍ တံတားတစ်ခြမ်းနိမ့်ကျပျက်စီးခဲ့ခြင်းနှင့် လမ်းခရီးပြတ်တောက်မှုမရှိစေရေး ယာယီပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါတံတားအား ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် သံကူကွန်ကရစ်တံတား (၃၀ ပေ × ၂၀ ပေ) တည်ဆောက်ရန် လျာထားဆောင်ရွက်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ဇော်ကိုကို