သဲကုန်းမြို့နယ်၌ ကာကွယ်ဆေးထိန်းသိမ်းသိုလှောင်မှုလုပ်ငန်းများ စစ်ဆေးဆောင်ရွက်

သဲကုန်း ဩဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မြို့နယ်ကာကွယ်ဆေးသိုလှောင်ခန်းအား ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးမင်းထွေးမှ ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ မြို့နယ်တိုးချဲ့ ကာကွယ်ဆေးသိုလှောင်ခန်းတွင် ထားရှိသော ကာကွယ်ဆေးများအား စနစ်တကျသိုလှောင်ထားရှိမှု ရှိ/မရှိနှင့် သတ်မှတ်အပူချိန်တွင် ထားရှိမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)