စေတုတ္တရာမြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

စေတုတ္တရာ ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး ရက်သတ္တပတ်အစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်များတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကျွေးမွေးရာတွင် အာဟာရပြည့်ဝမျှတပြီး ကျန်းမာရေးနှင့် ညီညွတ်သော အသား၊ ကြက်ဥ၊ အာလူး၊ ရွှေဖရုံသီး၊ ပဲဟင်း၊ ငှက်‌ပျောသီးနှင့် အသီးအရွက်တို့ကို ချက်ပြုတ်ပြင်ဆင်၍ အခြေခံပညာကျောင်းများရှိ KG ကျောင်းသား/ကျောင်းသူကလေးများကို စနစ်တကျ ကျွေး‌မွေးပေးကြောင်း သိရသည်။ ကျောင်းသား/သူများအားလုံး ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ ရှိစေရန်အတွက် လက်များကိုဆပ်ပြာဖြင့် စင်ကြယ်စွာ‌ ဆေးကြောခြင်းနှင့် ကိုယ်အလေးချိန်များ တိုင်းတာခြင်းတို့ကို ဆောင်ရွက်စေခဲ့သည်။

ဆန်းကိုကို(ပြန်/ဆက်)