ဖြူး သြဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် မြို့မရဲစခန်း၊ ဥပဒေရုံးနှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာဗဟုသုတရရှိစေရန် သြဂုတ်လ ၂၇ ရက်၊ နံနက် ၁၀ နာရီအချိန်က အ.လ.က(ခွဲ)တပ်တွင်းကျောင်းတွင်အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဥပဒေအရာရှိ ဦးသူရဝင်း၊ ဖြူးမြို့မရဲစခန်းမှဒုတိယရဲအုပ်ကျော်ကျော်လှိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်နှင်းရွှေစင်တို့က တက်ရောက်လာကြသော အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအကြောင်း၊ လူမှုကွန်ရက်များအား အကျိုးရှိစွာအသုံးပြုနည်းများကိုမျှဝေခြင်းနှင့် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေများအကြောင်း အသိပညာပေးဟောပြောကြသည်။
ဆက်လက်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိညာပေးဗီဒီယိုမှတ်တမ်းများပြသပေးခဲ့ကြောင်းသိရသည်။
နေမျိုးလွင်(ပြန်/ဆက်)