စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အာဟာရကျွေးမွေးခြင်း ဆောင်ရွက်

စလင်း  သြဂုတ်  ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ KG ကျောင်းသား/ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အာဟာရကျွေးမွေးဆောင်ရွက်ခြင်းကို စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင့်ဆွေဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့မှ KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရအုပ်စု(၅)ခုအား ရှင်းလင်းပြောကြားခြင်း အာဟာရကျွေးမွေးမှုမပြုလုပ်မီ လက်ဆေးခြင်း၊ အာဟာရစားပြီးချိန်တွင် လက်ဆေးခြင်းများကို သင်ကြားပြသခဲ့ပြီး ကလေးငယ်များအား အာဟာရအဖြစ် ခေါက်ဆွဲကြော်များကို နံနက်စာအဖြစ် ကျွေးမွေးခဲ့ကြကြောင်း သိရသည်။                                             

မောင်လွင်(စလင်း)