ညောင်တုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများဆောင်ရွက်

ညောင်တုန်း ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ခရိုင်အထွေထွေရောဂါကု ဆေးရုံကြီးမှဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ အဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီအချိန်က ချောင်းကြီးတိုက်နယ်ဆေးရုံး၌ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးကုသမှု‌ ဆောင်ရွက်ရာတွင် အထွေထွေရောဂါကုသလူနာ (၁၅၈) ဦး၊ မျက်စိရောဂါ ကုသလူနာ (၅၅) ဦး၊ အရိုးရောဂါလူနာ (၃၈) ဦး၊ ခွဲစိတ်လူနာ (၄၄) ဦး၊ ကလေးလူနာ (၃၄) ဦး၊ သားဖွားမီးယပ်လူနာ (၂၂) ဦး၊  စိတ်ကျန်းမာရေးစစ်ဆေးသူ (၅) ဦး၊ အကြောအဆစ်နှင့် ပြန်လည် သန်စွမ်းရေးလူနာ(၇၇)ဦး သွားနှင့်ခံတွင်းလူနာ(၁၄)ဦး၊ တယ်လီဗေးရှင်းဓါတ်မှန် (USG) ရိုက်သူ (၃၂)ဦး စုစုပေါင်းလူနာ (၄၇၉) ဦးတို့ကို ရောဂါရှာဖွေစစ်ဆေးကုသခြင်းများ ဆောင်ရွက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ အခမဲ့ဆောင်ရွက်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးလှိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းတို့က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)