အမာမြို့၌ ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသခြင်း (အခမဲ့)လုပ်ငန်းများဆောင်ရွက်

အမာ ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ကျေးလက်နေပြည်သူများအား အခမဲ့ ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်၌ အမာမြို့၊ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖျာပုံပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းဦးဆောင်လျက် အထူးကုဘာသာရပ်များဖြစ်သော ဆေးပညာ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေးကျန်းမာ၊ မျက်စိ၊ အရိုး၊ သွားနှင့်ခံတွင်း၊ ဓာတ်မှန်၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အကြောအဆစ် ပြန်လည်သန်စွမ်းရေးတို့မှ အထူးကုဆရာဝန်ကြီးများ၊ သက်ဆိုင်ရာလက်ထောက်ဆရာဝန်များနှင့် သူနာပြုဆရာမများပါဝင်သော ကုသရေးအဖွဲ့မှ အမာမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက် ကုသပေးခဲ့ကြောင်း သိရှိရသည်။

အမာ(ပြန်/ဆက်)